ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်မူလတန်းကြိုကျောင်း (၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဆင်ပေါင်ဝဲ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုးပင်မူလတန်းကြိုကျောင်း (၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဝေဠုဝန်မစိုးရိမ် ကျောင်းတိုက်၌ ကျင်းပပြုလုပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဆရာ၊ ဆရာမများ၊ သားငယ်သမီးငယ်များ၊ မိဘများနှင့် အတူ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ဝေဋုဝန်မစိုးရိမ်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်ပြီး ကိုးပင်မူလတန်းကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ သားငယ်သမီးငယ်များ၊ မိဘများနှင့်အတူ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းဖွယ်အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)