ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစာင်ပြပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည် ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ (၂) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ရေဘေးအတွက်ကြိုတင် ပြင်ဆင်ရန်အချက်များ၊  ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များကိုဟောပြောခဲ့ပြီး ကျောက်ဆည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက မြေပြိုခြင်း အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင်ပြုလုပ်ရန်အချက်များ၊ မြေပြိုမှု ဖြစ်ပေါ်ပြီးချိန်တွင် ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ လေပြင်းဘေးသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ လေပြင်းဖြစ်ပေါ်နေစဉ်အတွင်း လိုက်နာရန်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် လေပြင်းတိုက်ခိုက်ပြီးနောက် ဆောင်ရွက်ရန် အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြပြီး လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မြေပြိုဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)