လေးမျက်နှာမြို့ ဗိုလ်ချုပ်လမ်းဆုံတွင် ဆန်နှင့် စားအုန်းဆီများက်ို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

လေးမျက်နှာ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည် ဆန်နှင့် စားအုန်းဆီများကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းဆုံတွင် ရောင်းချပေးခဲ့သည်။

ဆန်နှင့် စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့်ရောင်းချနေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးနှင့် လေးမျက်နှာမြို့ဆီ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့ကကြည့်ရှု၍ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် အခြေခံစားသောက်ကုန် ဆန်တစ်ပြည် ၂၀၀၀ ကျပ်၊ ဆီတစ်ပိဿ ၆၈၀၀ ကျပ်နှုန်းတို့ဖြင့်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)