မြစ်ကြီးနား ဇူလိုင် ၁၁
ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အလယ်တန်း၊ အထက်တန်း အဆင့်ပန်းချီပြိုင်ပွဲနှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ပြိုင်ပွဲများကျင်းပရာတွင် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို “ငါးတန်ဗလ ပြည့်ဝမှ တိုင်းပြည်ချမ်းသာရ” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၄၃) ဦးတို့ကလည်းကောင်း၊ အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကို “လူငယ်အားမာန် ဗလငါးတန်ဖြည့်ဆည်းလို့ ကမ္ဘာအလယ်ဝံ့စေ ဖို့” ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦးတို့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၅၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)