မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Mar 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က စိုက်ပျိုးရေးသိပ္ပံကျောင်း မြကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။