သတင်းများ

မိုင်းကိုင်မြို့နယ်၌ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Mar 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးသူ အေးဖြူရေးသားသော "ဖတ်မိသမျှတွေ မျှဝေပေးဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လွယ်အွန့် ကျေးရွာအုပ်စု၊ နောင်ခုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သာပါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထန်းတပင်ကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စုများရှိ အိမ်ခြေ(၁၂၀)လုံးအား လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး စာရင်းကောက်ယူခြင်း ဆောင်ရွက်ပေး
Mar 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထန်းတပင်ကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စုများရှိ အိမ်ခြေ (၁၂၀)လုံးအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ လေပြင်း​ဘေးကြိုတင် ပြင်ဆင်​ရေး စာရင်း​ကောက်ယူခြင်း၊ အိမ်​ဆောက်ပစ္စည်းများ စုပုံ/ဖြန့်ခွဲခြင်းနှင့် ပြင်ဆင် မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အုတ်တွင်းမြို့၌ အခြေခံပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်
Mar 18,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အသိပညာဗဟုသုတရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက အခြေခံပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကော့မှူး၌ ပါဋ္ဌိပထမပြန်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 18,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဋ္ဌိပထမပြန် စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဝါးဘလောက်ကျေးရွာ မူလရွာလယ်ကျောင်းတိုက် ဗိမာန်‌တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ
Mar 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၂–၂၀၂၃) ပညာသင်နှစ် သရက်ချောင်းမူလတန်းကြိုကျောင်း ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ် စာစောင်များအား ရပ်/ကျေးစာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ
Mar 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား ရပ်/ကျေး စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၁၀ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး Talk Show ပြုလုပ်
Mar 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ မီးသတ်ဦးစီးဌာနရုံး၌ ယနေ့နံနက် (၁၀) နာရီအချိန်က မီးဘေးလုံခြုံရေးအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။