သတင်းများ

ပန်ဆိုင်း(ကြူကုတ်)မြို့ လူထုအခြေပြုဗဟိုဌာန (Communiity Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Communiity စာရေးဆရာ Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့် ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီ အချိန်က သုတေသီဘုန်းမြင့်သွေး ရေးသားသည့် “မရှိမဖြစ်ဇွဲ”  စာအုပ်ဖြင့်
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးအတွက် မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ
Mar 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က မိုင်းယုမြို့အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။
မောက်မယ်မြို့နယ်၌ ရှမ်းရိုးရာ စုပေါင်းရှင်ပြုရဟန်းခံပွဲ ကျင်းပ
Mar 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းကျောင်းဆရာတော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကြီးမှူးကျင်းပသည့် ရုမ်းရိုးရာစုပေါင်းရှင်ပြုရဟန်းခံပွဲကို မတ်လ ၁၈ ရက် နေ့နံနက်ပိုင်းတွင် ရှင်လောင်းအကြိုပွဲကို စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 
မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌  စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Mar 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါရုံးရှိ
တာချီလိတ်မြို့၌ ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာပေးခြင်း စီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Mar 20,2023
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းကာလ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မဲခေါင်မြစ်ဝှမ်းဒေသ စီမံကိန်းဧရိယာအတွင်း ရေအသုံးချခြင်းဆိုင်ရာလုံခြုံမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှု အသိပညာပေးခြင်း စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပခဲ့သည်။
တနိုင်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းကပ်လှူဒါန်း
Mar 20,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းကပ်လှူဒါန်း ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့ အ.ထ.က(၁)၌ RC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း (၅၀)ရာခိုင်နှုန်းပြီးစီး
Mar 20,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေးအတွက် RC သုံးထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာ (၅ဝ) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မိုးနဲမြို့နယ်၌ သခွားသီးဈေးကောင်းရ၍ ထပ်မံစိုက်ပျိုးလာ
Mar 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာ၌ သခွားသီးများ ဈေးကောင်းရရှိနေသဖြင့် သခွားပင်များထပ်မံစိုက်ပျိုးထားကြောင်း သိရသည်။