ကျောက်တန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီဌာန မှ ပြည်သူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေရေး၊ စာဖတ်သူပွားများရေးအတွက် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမိုးရှင်းရေးသားသည့် သူစိတ်ဓာတ်ကျချိန်တိုင်းဖတ်ဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။