သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်လှစ်
Mar 18,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံ English Speaking နှင့် Grammar သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် မောင်တောခရိုင်ရုံး (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
Mar 18,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား လူငယ်များ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့၊ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲနှင့် ဆုရရှိသူများအားဆုချီးမြှင့်
Mar 18,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စစ်တုရင်ပြိုင်ပွဲကို မတ်လ ၁၄ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းထိ ​ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Mar 18,2023
စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေ ဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ် ခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စိတ်​​ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ
Mar 18,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စိတ်​ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
မြေပုံမြို့၌ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များဖြင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Mar 18,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပူပြင်းခြောက်သွေ့ရာသီဖြစ်ပါ၍ ပြည်သူများ မီးဘေးလုံခြုံရေး သတိရှိစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များမှ ထမင်းဆိုင်၊ စားသောက်ဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်း စစ်ဆေးဆောင်ရွက်သည်။
မိုင်းဆတ်မြို့ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူများအား အထူးလျှော့ရက် ခံစားခွင့်ပြုနိုင်ရန် ကြည့်ရှုစစ်ဆေး
Mar 18,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အထူး လျှော့ရက်များ ခံစားခွင့်ပြုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်် တာဝန်ရှိသူတို့က ယနေ့ နံနက် (၁၀)နာရီအချိန်တွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
သရက်မြို့၌ နွေရာသီ အခမဲ့ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်
Mar 18,2023
မကွေးတိုင်းဒေသကြီးသရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် နွေရာသီ အခမဲ့ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက် (၈) နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။