မိုင်းရယ် မတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ စာဖတ်ရှိန်မြင့်မားရေးအတွက် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ် ယနေ့နံနက်(၁၀)နာရီက မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာက Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် စာရေးဆရာ ခေတ်ဘုန်းသစ်၏ ကလေးတို့မေးတတ်တဲ့ ရှာရှာဖွေဖွေမေးခွန်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ရာ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက အသီးသီးဖတ်ရှုပြီး အချင်းချင်းပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)