ဝမ်းတွင်း မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(ဝမ်းတွင်း)တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေး စဥ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ၊ စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်၊ တပ်မတော်၏ အား(၁၀)ပါး၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်၊ ပြည်သူချစ်တဲ့ တပ်မတော်၊ အမျိုးသားနိုင်ငံရေးတာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင် စသည့်တို့ ပါဝင်ပြီး ပြည်သူများ အသိပညာ ဗဟုသုတ များတိုးပွားစေရန် ကျောင်း၊ ဈေးနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)