မော်လမြိုင်ကျွန်းမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်

မော်လမြိုင်ကျွန်း မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် Coffee Shop ၊ Happy Water ၊ Cookie မုန့်များအတွင်း မူးယစ်ဆေးဝါး ပါဝင်သည့် အစားအသောက်များကြောင့် အများပြည်သူများ လမ်းလွဲမရောက်စေရေး၊ မိဘပြည်သူများမှ သိရှိကာကွယ်နိုင် ရေးအတွက် ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က ယနေ့ စားသုံးသူမိဘပြည်သူများ ကြုံတွေ့နေရသော Coffee Shop၊ Happy Water၊ Cookie မုန့်များ တွင် မူးယစ်ဆေးဝါးများ ထည့်သွင်း၍ ရောင်းချမှုမရှိစေရေးအတွက် စျေးကွက်အတွင်း ကွင်းဆင်း စစ်ဆေးပေးခြင်း၊ ယနေ့ကြုံတွေ့နေရသော အစားသောက် များတွင် မူးယစ်ဆေးဝါးများကို Online မှ တစ်ဆင့် ရောင်းချနေမှုများမှာ လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူ များ မူးယစ်ဆေးဝါး သုံးစွဲလာစေရန် ရည်ရွယ်၍ ရက်စစ်ယုတ်မာသည့်အကြံဖြင့် အစားအသောက် များတွင် ထည့်သွင်း အသုံးပြုနေခြင်းကို သက်ဆိုင်ရာမှာစစ်ဆေးတွေ့ရှိ ကြောင်းကို နိုင်ငံပိုင် သတင်းများ၌လည်း ထည့်သွင်းဖော်ပြထားမှုကို တွေ့ရှိရပါကြောင်း၊ ထိုကြောင့်စားသုံးသူများအနေဖြင့် Coffee Shop၊ Happy Water၊ Cookie မုန့်များကို သတိပြုရှောင် ရှားသင့်ပါကြောင်း Online Talk Show အစီအစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)