နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ(အဋ္ဌမနေ့) သမိုင်းဘာသာရပ်ဖြေဆိုပြီးစီး

နောင်ချို မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(အဋ္ဌမနေ့) သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ၂၀၂၃တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ (အဌမနေ့) သမိုင်းဘာသာရပ်ကိုဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား(၃၈)ဦး၊ ကျောင်းသူ(၆၂)ဦး၊ စုစုပေါင်း(၁၀၀)ဦးရှိသည့်အနက်မှ ကျောင်းသား(၃၄)ဦး၊ ကျောင်းသူ(၆၀)ဦး ဖြေဆိုခဲ့ကြကာ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၆)ဦးရှိပြီး  ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၀) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)