သင်္ဃန်းကျွန်း မတ် ၂၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်မှ လူငယ်များ ဗလငါးတန်ပိုမိုဖွံဖြိုးတိုးတက်စေရန်အတွက် အခြေခံပန်းချီသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ယခုလိုသင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းကြောင့် ကလေးငယ်များစိတ်ကူးစိတ်သန်းပိုမို ကောင်းမွန်လာပြီး တီတွင်ကြံဆတတ်လာမည်ဖြစ်ကြောင်းစသည့် သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ထို့နောက် ပန်းချီဆရာမ စာရေးဆရာမ လမင်းအိမ်(ဥပဒေ)မှ သင်တန်းသား၊ သင်တန်းသူများအား ပန်းချီပညာနှင့်ပတ်သက်၍ အခြေခံနည်းစနစ်များကိုသင်ကြားပေးမည်ဖြစ်ကြောင်း ယခုပန်းချီသင်တန်း ၌ ပန်းချီရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ ဆတိုး/ ဆခွဲနည်း၊ (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးနည်းပညာ၊ အရာဝတ္ထုရေးဆွဲနည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ဦးရေ (၂၀)အား အခြေခံပန်းချီရေးဆွဲနည်းသင်တန်းပို့ချပေးခဲ့သည်။
အဆိုပါ သင်တန်းအား မတ်လ(၂၀)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဘုန်း (ပြန်/ ဆက်)