လဟယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်ကာလ အခြေခံအင်္ဂလိပ်စာ Grammar နှင့် အခြခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

လဟယ် မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လဟယ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်လျက် အခြေခံအင်္ဂလိပ်စာသဒ္ဒါ Grammar သင်တန်းနှင့် အခြခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က လဟယ်ပြန်/ဆက်ရုံး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ သဒ္ဒါ (Grammar) သင်တန်းသား(၃၀)ဦး၊ အခြခံပန်းချီ ရေးဆွဲနည်းသင်တန်း(၃၀)ဦး စုစုပေါင်း (၆၀)ဦးအား နံနက်(၁၀)နာရီမှ (၁၂)နာရီအထိ အခြေခံအင်္ဂလိပ်စာ သဒ္ဒါ Grammar၊ နေ့လယ် (၁) နာရီမှ (၃)နာရီအချိန်ထိ အခြခံပန်းချီရေးဆွဲနည်းသင်တန်းကို နည်ပြဆရာ/ဆရာမ (၈)ဦးဖြင့် မတ်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)