မအူပင် မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ရှောင်လမ်းနှင့် ရေလဲလမ်းထိပ်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၈၂) ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်စီးဦးထုပ် မဆောင်သူများအား အသိပညာပေးပြောကြားခြင်း၊ ထော်လာဂျီနှင့် မော်တော်ကားများအား ယာဉ်စည်းကမ်းနှင့်အညီ မောင်းနှင်စေရေး အသိပညာပေးပြောကြားခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)