သံဖြူဇရပ် မတ် ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့မမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ဝါခရူကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတို့ သင်ယူပြီးမြောက်ကြောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းးအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အောင်ဇေယျရပ်ကွက် မြို့မမိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက အဖွင့်အမှာစကား ပြောကြားပြီး ဆက်လက်၍ မြို့မမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ရင်သွေးငယ် (၂၈) ဦးနှင့် ဝါခရူကျေးရွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်(၂၉)ဦးအား ကျောင်းဆင်းလက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ ရင်သွေးငယ်များမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာနှင့် အသင်းဝင်များ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)