ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံချည်ထိုးနည်း သင်တန်းဖွင့်လှစ်

နေပြည်တော် မတ် ၁၉

အခြေခံချည်ထိုးနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြား သည်။

ထို့နောက်သင်တန်းနည်းပြ ဒေါ်နေရည်ဝန်းရွှေက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် သိုးမွေးတစ်ချောင်းထိုး ၊ တိုင်တို၊ တိုင်လတ်၊ တိုင်ရှည်ထိုးနည်း၊ အခြေခံချည်နှင့်အပ်ကိုင်နည်း၊ အိတ်အလှထိုးနည်းများကို စိတ်ပါဝင်စားသူ သင်တန်းသူ ၁၅ ဦးအား မတ်လ ၁၈ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ အပတ်စဉ် စနေနှင့် တနင်္ဂနွေရက်များတွင်  သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)