လက်ပံတန်း မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ သဲကောဆည်နှင့် ကံတင်ဘီးလင်းဆည်တို့မှ ပို့လွှတ်သော ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိရာ မတ်လ ၁၇ ရက်နေ့ထိ (၆၆၈၂)ဧက စိုက်ပျိုးပြီးစီး၍ လျာထားစိုက်ဧက ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ထွန်တုံးပိတ်နိုင်ရေးအတွက် တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိရာ မတ်လ ၁၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့် အဖွဲ့၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် သဲကောဆည်နှင့် ကံတင်ဘီးလင်းဆည်တို့မှ ပို့လွှတ်သော ဆည်ရေဖြင့် နွေစပါးစိုက်ပျိုးလျက်ရှိရာ၊ ၂၀၂၃ ခုနှစ် နွေစပါးလျာထားစိုက်ဧက(၁၂၇၉၄)တွင် မတ်လ ၁၇ ရက်နေ့ထိ (၆၆၈၂)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ တောင်သူများအနေဖြင့် ရက် ၉၀ စပါးမျိုး၊ ထိုင်းနှံကောက်၊ ရတနာတိုး၊ GW-11နှင့် မှော်ဘီ-၃ စပါးမျိုးများကို အများဆုံး စိုက်ပျိုးထားရှိကြောင်းနှင့် လိုအပ်သော မျိုးစပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပံ့ပိုးပေးလျက်ရှိကြောင်း၊ ဆည်ရေရရှိရေးတောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ညှိအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားရေရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)