ဒေးဒရဲမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရေးနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။