သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များ ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ပြန်လည်ထောက်ပံ့
Mar 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်များကို ယာယီနေရပ်စွန့်ခွာပြည်သူများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ပြည်လည်ထောက်ပံ့သည်။
တပ်ကုန်းမြို့၌ (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁)ကျမ်းရင်းအား ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း (၁၁၁)ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦး ဝင်ရောက်ဖြေဆို
Mar 23,2023
၂၀၂၃ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရဓမ္မာစရိယစာမေးပွဲကို  ဦးဆောင်ကျင်းပလျက်ရှိရာ  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမ စာစစ်ဌာနနှစ်ခုတွင်  အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက (သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁)ကျမ်းရင်း ဖြေဆိုတော်မူခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး
Mar 23,2023
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအ‌သောက် ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြို့မဈေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျောင်းကုန်းမြို့၌ နွေရာသီ ပန်းချီ(အခြေခံ) သင်တန်း ဖွင့်လှစ်သင်ကြားပေး
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီ ပန်းချီ(အခြေခံ)သင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နွေစပါး စိုက်ပျိုးပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်/ကြပ်ကော်မတီဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများအား ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အကြောင်း အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်
Mar 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်နေ့အကြောင်း အသိပညာပေး Talk Show ရိုက်ကူးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ရိုက်ကူးခဲ့သည်။
သာပေါင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက မီးငြှိမ်းသတ်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးငြှိမ်းသတ် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ရုံးဝန်းရှေ့၌ ပြုလုပ်ကြသည်။
တာမိုးညဲမြို့ လူထုအခြေပြု​ဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းဖြင့် စာဖတ်ဝိုင်း ကျင်းပ
Mar 23,2023
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့် ပူးပေါင်း၍ ယမန်နေ့ ၁၀ နာရီ အချိန်က ဒေါက်တာမတင်ဝင်းရေးသားသည့် “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။