ကျောက်တန်းမြို့နယ်၌ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာအသိပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

ကျောက်တန်း မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ(Talk show)ကို ယနေ့နံနက်(၁၁)နာရီက ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိဦးသန့်ဇင်ထွန်းက မသန်စွမ်းသူများနှင့်ပတ်သတ်ပြီး မသန်စွမ်းဟုဆိုသောသူများသည် မသန်ပေးမဲ့အခြားထူးချွန်သည့် ကိစ္စရပ်များကို စွမ်းဆောင်ရည်ပြည့်ဝစွာ ထူးချွန်သည့်အတွက် အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ မသန်စွမ်းသူများသည် မိမိမသန်သည့်အတွက် အားငယ်စွာမနေသင့်ကြောင်းကို Book club မှ ဦးဟိန်သူစိုးနှင့်အတူ ဆွေးနွေးပြောကြားခဲ့သည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)