သတင်းများ

ဟိုပန်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 23,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉)နာရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများနှင့် အသင်းဝင်များ၊ မြို့နယ်ဥပဒေအရာရှိ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဟိုပန်မြို့ပေါ်ရပ်ကွက်များမှ လူငယ်များ တက်ရောက်ခဲ့ကြသည်။
တိုက်ကြီးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးနည်းပညာပေးသင်တန်းဖွင့်လှစ်
Mar 23,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်လမ်းညွှန်မှာကြားချက်အရ (အသား/ ငါးကဏ္ဍတွင် ငါးမွေးမြူရေးမှ ဝင်ငွေများစွာရရှိနိုင်ရန်၊ ငါးမွေးသူနှင့် ငါးမွေးလိုသူများအား နည်းပညာအကူအညီပေးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာ အခြေခံပညာအထက်‌တန်းကျောင်းခွဲတွင် ယမန်နေ့နံနက် ၉ နာရီက ငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို ဖွင့်လှစ်ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ အထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်း
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမိသားစု၏  ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ အထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေး ထောက်ပံ့ငွေများ ထောက်ပံ့
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ထန်ပင်မှော်ကျေးရွာအုပ်စု၊ ဘွေ့မှော်ရွာတွင် လေဘေးသင့်အိမ်ထောင်စုတစ်စုအား ယမန်နေ့က ကယ်ဆယ်ရေးထောက်ပံ့ငွေများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အိမ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တပ်ကုန်းမြို့နယ် ဓမ္မာစရိယစာမေးပွဲဖြေဆိုမှု လာရောက်ကြည်ညိုပူဇော်
Mar 23,2023
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမတို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲ စာဖြေဌာနဖွင့်လှစ်ပြီး၊ ဓမ္မာစရိယစာမေးပွဲ (ပါရာဇိကကဏ္ဍပါဠိအထကထာကျမ်း-၂) ဖြေဆိုနေကြသည့် ရဟန်း၊ သံဃာ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်ကြီးများကို ယမန်နေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အလှူရှင်များမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
သန်လျင်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်)မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ  သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂း၀၀ နာရီအချိန်က မြို့နယ်ထွေ/အုပ်ရုံးသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ဝေးမြို့နယ်၊ အောင်းကြီးကုန်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ
Mar 23,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်းကြီးကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။