ညောင်လေးပင် မတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် (၂၆-၆-၂၀၂၃) ရက်နေ့၌ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ပိုစတာ၊ကာတွန်း၊ကွန်ပျူတာပန်းချီပြိုင်ပွဲအား ယမန်နေ့နံနက်(၉)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲအား ညောင်လေးပင်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ စိတ်ပါဝင်စားသော ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းချီပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်စုစုပေါင်း (၂၇)ဦး၊ ပိုစတာပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်စုစုပေါင်း(၇)ဦး၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စုစုပေါင်း(၄)ဦးနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စုစုပေါင်း(၂)ဦး ပြိုင်ပွဲဝင်စုစုပေါင်း(၄၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးအောင်ကျော်မိုး၊ ခရိုင်ပညာရေးမှူး ဦးညွှန့်ဝေ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။ ယင်းပြိုင်ပွဲအား ရဲတပ်ဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများမှ လိုအပ်သည်များအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)