ပေါင် မတ် ၂၃
ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများအား ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရေး၊ သင်္ကြန်ကာလအတွင်း ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေလုံလောက်မှုရှိစေရေး၊ ကြိုဆိုနေရာချထာရေးနှင့်ဧည့်ခံရေး၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရန် ကော်မတီအလိုက် ဖွဲ့စည်းတာဝန်များပေးအပ်ထား၍ ကော်မတီအလိုက်အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာလုပ်ငန်းကော်တီများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြဆွေးနွေးပေးကြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)