ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်ယဥ်ကျေးလိမ္မာအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပ

ဒဂုံအရှေ့ မတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ လူငယ်နှင့်ယဥ်ကျေးလိမ္မာအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က အသိပညာပေး Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စာရေးဆရာအသင်းဝင်ဒေါ်ဆုလဲ့နန္ဒာကလူငယ်များအား အနေအထိုင်အပြောအဆိုယဥ်ကျေးသိမ်မွေ့၍ လူမှုပတ်ဝန်းကျင်၌ ကိုယ်အမူအရာနှုတ်ထွက်စကားများ ပြေပြစ်စေရန်၊ လူတော်တွေများ၍လူကောင်းတွေများပြားလာစေရန်ရည်ရွယ်၍ ယဥ်ကျေးလိမ္မာခြင်း၏အဓိပ္ပာယ်၊ လူငယ်များအတွက်ယဥ်ကျေးလိမ္မာသင်တန်းများရဲ့ အကျိုးသက်ရောက်မှုအကြောင်း၊ ယဥ်ကျေးလိမ္မာသင်တန်းများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သင့်သည့်အကြောင်းများ၊ ယဥ်ကျေးလိမ္မာသင်တန်းများတက်ရောက်ပြီးသော လူငယ်များအနေဖြင့် ကိုယ်၊ နှုတ်၊ စိတ်သုံးပါးလုံးနူးညံ့သိမ်မွေ့သော လူငယ်လေးများဖြစ်လာနိုင်ပြီး ယဥ်ကျေးလိမ္မာတဲ့အနာဂတ်မျိုးဆက်သစ်လေးတွေမွေးထုတ်ပေးရင်း မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း အကျယ်တဝင့်အသေးစိတ်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ We Love East Dagon Page မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စာရေးဆရာအသင်း Facebook Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)