ရန်ကုန် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင် ၂၇.၃.၂၀၂၂ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်း၊ ဆောင်းပါးစသည့်အကြောင်းအရာများ ပါ၀င်ကြောင်းသိရသည်။
အဆိုပါ(၇၈)နှစ်မြောက် တပ်မတော်နေ့သတင်းစကားလက်ကမ်းစာစောင်များကို မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဌာနဆိုင်ရာနှင့်ပြည်သူများထံသို့ စုစုပေါင်းစောင်ရေ ၄၅၀ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မိုးမင်းမောင်(မင်္ဂလာတောင်ညွန့်)