ကန်ကြီးထောင့် မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲအား ဖေဖော်ဝါရီ လ ၁၅ ရက်နေ့မှ စတင်၍ အမှတ်(၄)ရပ်ကွက် မြို့နယ်ဘောလုံးကစားကွင်းသစ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မတ်လ ၂၂ ရက်နေ့တွင် အကြိုဗိုလ်လုပွဲအား ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၄)သင်းမှ အုပ်စု(၄)အုပ်စုဖြင့် ယှဥ်ပြိုင်ကစားလျက်ရှိပြီး မတ်လ (၂၆)ရက်နေ့တွင် ဗိုလ်လုပွဲကျင်းပ မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား မတ်လ (၂၇)ရက်နေ့ တပ်မတော်နေ့ တွင် ကျင်းပသွားမည်ဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် အထိမ်းအမှတ်နေ့များအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲတွင် တိုက်နယ်(၉)ခု အပါအဝင် မြို့ပေါ်၊ ရပ်ကွက် ဘောလုံးအသင်းများ၊ ပုဂ္ဂလိကအသင်းများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိ သည်။
မဇင်(ပြန်/ဆက်)