ပဲခူး မတ် ၂၃
ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က ဗုဒ္ဓအသံဓမ္မဗိမာန်တော်တွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျမ်းရင်းပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာ(၁)၊ ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာ(၂)၊ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(၁)၊ ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာ(၂)၊ မြန်မာစာဂုဏ်ထူးနှင့်ပါဠိဂုဏ်ထူးတို့ကို (၂၁-၃-၂၀၂၃)ရက်နေ့မှ (၃၀-၃-၂၀၂၃)ရက်နေ့အထိ မွန်းတည့်(၁၂)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ဖြေဆိုရမည်ဖြစ်ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းကို (၂၈-၃-၂၀၂၃)ရက်နေ့မှ (၃-၄-၂၀၂၃)ရက်နေ့အထိ မွန်းတည့်(၁၂)နာရီအချိန်မှ ညနေ(၃)နာရီအချိန်ထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကိုဖြေဆိုမည့် သံဃာတော်နှင့် သီလရှင်(၅၃၂)ပါးရှိပြီး စာမေးပွဲပထမနေ့တွင် (၄၄၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)