ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက် ဝင်ရောက်လေ့လာလည်ပတ်ခွင့် ပြန်လည်ဖွင့်လှစ်
Mar 23,2023
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက်သည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက် လေ့လာလည်ပတ်ရာနေရာတစ်ခု ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကြောင့် အဆိုပါပြတိုက်အား ဝင်ရောက်လေ့လာလည်ပတ်ခွင့် ယာယီပိတ်ထားခဲ့ရာမှ ယနေ့တွင် ခရီးသွားဧည့်သည်များ ဝင်ရောက်လေ့လာလည်ပတ်ခွင့် စတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။