ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာဖိုရမ် မြိတ်မြို့တွင် ကျင်းပ
Mar 23,2023
(၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာဖိုရမ်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူး၍ မြိတ်ခရိုင်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်း အဝေးခန်းမတွင် မတ်လ(၂၃)ရက်မှ (၂၅)ရက်အထိ ကျင်းပလျက်ရှိရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ အကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများမှ ဦးဆောင်ဆွေးနွေးလျက်ရှိကြသည်။