သင်္ကြန်အကြတ်နေ့တွင် ရန်ကုန်မြို့၌ (YBS)ယာဉ်လိုင်းများပြေးဆွဲ

ရန်ကုန် ဧပြီ ၁၆

ယနေ့ ၁၃၈၃ ခုနှစ်မဟာသင်္ကြန်အကြတ်နေ့တွင်ရန်ကုန်မြို့တွင်း၌ (YBS)ယာဉ်လိုင်းများပြေးဆွဲလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွတ်ကဲရေးအဖွဲ့ (YRTA)က ယခုနှစ်သင်္ကြန်ကာလ၌ ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများ အဆင်ပြေစေရန် (YBS) ယာဉ်လိုင်းမများဖြင့် ပြေးဆွဲလျက်ရှိရာ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာသွားလာရေး လွယ်ကူအဆင်ပြေပြီး ယာဉ်စီးခမှာလည်း သတ်မှတ်ယာဉ်စီးခနှုန်းထားအတိုင်း ကောက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါပြေးဆွဲမှုသည် ဧပြီလ(၁၃)ရက်နေ့မှဧပြီလ (၁၆)ရက်နေ့အထိသာ ပြေးဆွဲပေးမည်ဖြစ်ပြီး၊ ဧပြီလ(၁၇)ရက်နေ့မှစ၍ ယာဉ်လိုင်းများအားလုံး ပုံမှန်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)