ရန်ကုန် ဧပြီ ၁၆
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်၏ ယမန်နေ့က ကျရောက်သည့် သင်္ကြန်အကြတ်နေ့၌ မြန်မာနိုင်ငံအခြေစိုက် ရုရှားနိုင်ငံသံရုံးအပါအဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံမှမြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ သံရုံးမိသားစုဝင်များသည်၊ ရန်ကုန်မြို့ မဟာဗန္ဓုလ လမ်းပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်၌ ပျော်ရွှင်စွာဝင်ရောက်ဆင်နွှဲခဲ့ကြသည်။
နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများနှင့်တာဝန်ရှိသူများသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏သင်္ကြန်မဏ္ဍပ်၌ ပါဝင်ဆင်နွှဲပြီးနောက် ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ သင်္ကြန်မဏ္ဍပ်၊ ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်နှင့်လမ်း လျှောက်သင်္ကြန်တို့တွင်လည်း ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ရုရှား၊ တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဆားဘီးယား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမောလက်စ်တေနီပေါ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ DPRKတို့မှသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ စစ်သံမှူးများ၊ သံရုံးယာယီတာဝန်ခံများ၊ စီးပွားရေးသံမှုးများနှင့် တာဝန်ရှိ သူများ ပျော်ရွှင်စွာတက်ရောက်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)