စမ်းချောင်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်(အကြတ်​နေ့) “စမ်းရေအေး” ရေကစားမဏ္ဍပ်၌ ပြည်သူများ​​ပျော်ရွှင်စွာ ရေကစားလျက်ရှိ

စမ်းချောင်း      ဧပြီ    

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ စမ်းချောင်းမြို့နယ်“စမ်းရေအေး ရေကစားမဏ္ဍပ်တွင်လည်း ယိမ်းအကအလှများဖြင့် ကပြဖျော်​ဖြေခြင်း၊ ငြိမ်းချမ်းရေးသံစဉ်လှိုင်းတီးဝိုင်းဖြင့် ဖျော်ဖြေခြင်း၊ ရေကစားကြခြင်းဖြင့် မဟာသင်္ကြန်ပွဲ​တော်ကို အေးချမ်း​ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ​ကြောင်း သိရသည်။

 ထိုသို့ဆင်နွှဲရာတွင် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးဘဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်ပရိသတ်များက ကြည့်ရှုအား​ပေးခဲ့ကြပြီး ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့များနှင့် သီဆို​ဖျော်​ဖြေကြသည့်အဆို​တော်များအား ဆုများအသီးသီးချီးမြှင့်ခဲ့​ကြောင်း သိရသည်။

 စမ်းချောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၃)ရက်‌နေ့မှ ဧပြီလ(၁၆)ရက်နေ့အထိ မြို့နယ်“စမ်းရေအေးရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတသီဆိုဖျော်ဖြေမှုများဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နီလာစိုး