ပြည် ဧပြီ ၁၆
မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်(အကြတ်နေ့) ဧပြီ ၁၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် ကမ်းနားလမ်း လမ်းလျှောက်သင်္ကြန်တို့၌ ရေကစားသူများပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ဗဟိုမဏ္ဍပ်တွင် ခေတ်ပေါ်တေးဂီတဖျော်ဖြေမှုအစီအစဉ်များ၊ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်မှုများဖြင့် ရေကစားသူပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲလျက်ရှိကာ ကမ်းနားလမ်းဆိပ်ခံဗောတံတားမှ ဧရာဝတီမြစ်ကမ်းခြေအထိ လမ်းလျှောက်သင်္ကြန်၌လည်း အေးချမ်းပျော်ရွှင်စွာရေကစားသူများ၊ ရေကူးသူများ၊ ဘောကွင်းစီးသူများ၊ စားသောက်ဆိုင်တန်းများ၌ အပန်းဖြေသူများ၊ ဧရာဝတီမြစ်နှင့်နဝဒေးတံတားနောက်ခံရှုခင်းနှင့်အတူ အလှဓာတ်ပုံရိုက်ကူးကြသူများ၊ အပျော်တမ်းစက်လှေစီးသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ရေကစားသူပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)