ဗန်းမော် ဧပြီ ၁၆
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့)ကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက ဗန်းမော်မြို့(၂) မိုင်အောင်သာရပ်ကွက်ရှိ ဗလမင်းထင်ဂေါက်ကွင်းအနီး ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ တေးသီချင်းများ အပြင် DJ အတီး အကအလှများဖြင့် မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲလျက် ရှိကြောင်းသိရသည်။
ထိုသို့ဆင်နွဲရာတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ယိမ်းအဖွဲ့များက ယိမ်းအကအလှများ၊ တေးသီချင်းများ အပြင် DJ အတီးအကအလှများဖြင့် ကပြဖျော်ဖြေခြင်းနှင့် မဟာသင်္ကြန် အတာရေကစားခြင်း၊စတုဒီတာများ ဧည့်ခံကျွေးမွေးခြင်းကို ကျင်းပလျက်ရှိရာ ဒေသခံပြည်သူများက ပျော်ရွှင်အေးချမ်းစွာဖြင့် မကျနေ့ကထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွဲကြပြီး ညနေ (၅) နာရီခွဲတွင် ရပ်နားခဲ့ကြောင်း သိရပါသည်။
အလားတူ ဗန်းမော်တပ်နယ်ရှိ မဟာသင်္ကြန်မဏ္ဍပ်များနှင့် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မိသားစု၏ ရေကစား မဏ္ဍပ်တို့ကလည်း ယိမ်းအဖွဲ့များက ယိမ်းအက အလှများနှင့်တေးသီချင်းများ သီဆိုကပြ ဖျော်ဖြေခြင်းများကို စည်ကားသိုက်မြိုက် အေးချမ်းစွာ ကျင်းပလျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)