တောင်ကုတ် ဧပြီ ၁၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပလျက်ရှိရာ ယနေ့သင်္ကြန် အတက်နေ့ နံနက်ပိုင်းတွင် ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
မြန်မာ့ရိုးရာယာဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွဲ နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များက ကြီးကြပ်လျက်ရှိပြီး ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းပြိုင်ပွဲများ၊ စင်တင်တေးဂီတဖြင့် ဖျော်ဖြေတင်ဆက်လျက်ရှိပြီး ရပ်ကွက်များအတွင်းရှိ မဏ္ဍပ်ကြီးများတွင်လည်း စင်တင်တေးဂီတအစီအစဉ်များဖြင့် အထူးစည်ကားလျက်ရှိသည်။
တောင်ကုတ်မြို့နယ်တွင် သင်္ကြန်ပွဲတော်ကို ယခုကဲ့သို့ စည်ကားသိုက်မြိုက်စွာ မကျင်းပဖြစ်သည်မှာ (၄)နှစ်ခန့်ရှိပြီဖြစ်ပြီး ယခုနှစ်တွင်ကျင်းပရာတွင်မြို့ပေါ်၌ ဗဟိုမဏ္ဍပ်အပါအဝင် ရပ်ကွက်များတွင်လည်း ရေကစားမဏ္ဍပ်ကြီးများနှင့် မဏ္ဍပ်ငယ်များဖြင့် မြို့လုံးပြည့် စည်းကားလျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်