ဒဂုံအရှေ့ ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်နေ့)တွင် ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်း၊ ရေပက်၊ ရေကစားသူ ပြည်သူများအား စတုဒီသာ ကျွေးမွေးဧည့်ခံခြင်းများဖြင့် မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အမှတ်(၁၂၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ပင်းယလမ်းတစ်လျှောက် မြို့နယ်ဗဟိုမဏ္ဍပ်၌ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃) ရက်နေ့မှ ယနေ့အထိ မြို့နယ်ရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ် တေးဂီတသီဆိုဖျော်ဖြေမှုများဖြင့် ဧည့်ခံဖျော်ဖြေပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဧည့်ပရိသတ်များက ကြည့်ရှုအားပေးခဲ့ကြပြီး ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့များ၊ သီဆိုဖျော်ဖြေကြသူများအား ဆုများအသီးသီချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါမဏ္ဍပ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဖျော်ဖြေရေး၊ ယိမ်းအကအလှများဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်းအဆိုတော်၊ ဝါသနာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မြန်မာ့ရိုးရာ သင်္ကြန်ယိမ်းအကအလှများဖြင့် ကပြခြင်း၊ ရေကစားခြင်းများကို ပျော်ရွင်စွာ ဆင်နွှဲခဲ့ကြပြီး ပြည်သူများအား စတုဒီသာအဖြစ် ကြက်ဆီထမင်းဖြင့် ဧည့်ခံမည်ဖြစ်၍ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ပြည်သူများ ပျော်ရွှင်စွာရေပက်ခံ ရေကစားလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)