အင်းလေးရေပေါ်သင်္ကြန်၌ မဟာသင်္ကြန်အကြတ်နေ့တွင် ဒေသခံပြည်သူများ၊ ခရီးသွားဧည့်သည်များဖြင့် စည်ကားပျော်ရွှင်စွာ ရေကစားလျက်ရှိ

ညောင်ရွှေ ဧပြီ ၁၅

မဟာသင်္ကြန်အကြတ်နေ့တွင် အင်းလေးရေပေါ်သင်္ကြန် တတိယနေ့အဖြစ် ဒေသခံပြည်သူများ၊ ခရီးသွား ဧည့်သည်များဖြင့် စည်ကားပျော်ရွှင်စွာ ရေကစားလျက်ရှိသည်။

အင်းလေးရေပေါ်သင်္ကြန်တွင် ရေကစားသူများသည် စက်လှေများ၊ ရေကစားမဏ္ဍပ်နှင့် ရေကစားရန် သတ်မှတ်ထားသည့် ဖောင်များပေါ်မှနေ၍ အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။ အင်းလေးရေပေါ်သင်္ကြန်သို့ လာရောက်လည်ပတ် ရေကစားကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များကို ယိမ်းအကအဖွဲ့များမှ အကများ၊  တေးသံရှင်များမှ တေးသံသာများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့သည့်အပြင် အလှူရှင်များကလည်း စတုဒိသာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်