ဘူးသီးတောင် ဧပြီ ၁၆
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြပွဲတော်ကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် သင်္ကြန်အတက် ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြည်သူများအေးချမ်းပျော်ရွင်စွာ ရေကစားမဏ္ဍပ်များ၌ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိသည်။
ဘူးသီးတောင်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ချစ်သူပြည်သူများမှ အေးချမ်းပျော်ရွင်စွာဖြင့် မော်တော်ယာဉ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်၍ လူငယ်များအစုအဖွဲ့အလိုက်၊ မိသားစုအလိုက်သင်္ကြန်သီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများဖွင့်ကာ နှစ်သစ်ကူးသင်္ကြန်ရေများပက်ဖျန်း၍ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်လျက်ရှိသည်။
အဆိုပါ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် ရေကစားမဏ္ဍပ်များ၌ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအက အဖွဲ့များက ယိမ်းအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်လျက်ရှိပြီး ရပ်ကွက်/ကျေးရွာများတွင်လည်း ဖျော်ဖြေရေး ရေကစားမဏ္ဍပ်များ၌ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းဖြင့် လူငယ်များမှလည်း လမ်းလျှောက်ကာလှည့်လည်၍ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)