တောင်ကြီး ဧပြီ ၁၆
၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော်အကြတ်နေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တာဝန်ရှိသူများသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အတာသင်္ကြန်မဏ္ဍပ်သို့သွားရောက်ကြည့်ရှုအားပေးရာ တေးဂီတအဆိုရှင်များ၊ ယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများမှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ် အင်းပေါခုန်ကျေးရွာရှိ ခေတ်ဆန်းယဉ်အင်းလေးရေပေါ်သင်္ကြန်ဏ္ဍပ်သို့သွားရောက်ရာ နိုင်ငံကျော်အဆိုတော်များမှ တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြသည်။
မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန်တွင်အင်းလေးဒေသရှိ ပြည်သူများမှ စည်ကားသိုက်မြိုက်အေးချမ်းစွာလာရောက်ပါဝင်၍ပျော်ရွှင်စွာ ရေကစားကြကြောင်းသိရသည်။
မြန်မာ့ရိုးရာမဟာအတာသင်္ကြန်ပွဲတော် တောင်ကြီးမြို့တွင် ဧပြီ(၁၄)ရက်သင်္ကြန်အကျနေ့တွင် စည်ကားသိုက်မြိုက်အေးချမ်းပျော်ရွှင်စွာ ဒေသခံပြည်သူများပါဝင်ဆင်နွှဲ ရေကစားကြကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)