ဗဟိုရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အတက်နေ့၌ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပြည်သူများပျော်ရွှင်စွာ ဆက်လက်ရေကစားလျက်ရှိ

မင်္ဂလာတောင်ညွန့် ဧပြီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုနှစ်မဟာသင်္ကြန်ကာလ၌ လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဗဟိုရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အတက်နေ့၌ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပြည်သူများပျော်ရွှင်စွာ ဆက်လက်ရေကစားလျက်ရှိကြောင်း သိရှိရသည်။

ဖျော်ဖြေရေးအစီအစဥ်များကို ဟာသလူရွှင်တော်ရှပ်ပြာက ဖတ်ကြားကြေညာပေးလျက်ရှိပြီး သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်သီချင်းများ၊ DJ တီးခတ်မှုများ၊ Dancer အကအဖွဲ့များ ကပြဖျော်ဖြေလျက်ရှိပြီး စတုဒိသာကျွေးမွေးဧည့်ခံမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအားလုံးကလည်း ပြည်သူများအပန်းဖြေမှုအဆင်ပြေစေရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မိုးမင်းမောင်(မင်္ဂလာတောင်ညွန့်)