မဟာသင်္ကြန်(အတက်နေ့) ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရေကစားသူများဖြင့် စည်ကားလျက်ရှိ

ဒဂုံဆိပ်ကမ်း ဧပြီ ၁၆

မြန်မ့ာရိုးရာရေသဘင်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်၏အေးချမ်းမှုကိုရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့မပါလာစေရန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြန်မ့ာရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်၌ ယနေ့မဟာသင်္ကြန်အတက်နေ့တွင် ရေကစားသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရှိရသည်။

မြန်မ့ာရိုးရာမဟာသင်္ကြန်ပွဲ​တော်ဗဟိုမဏ္ဍပ်တွင် ရေပက်ကစားသူများ၊ ရေပက်ခံသူများဖြင့် စည်ကားလျက်ရှိပြီး သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ခေတ်ပေါ်သီချင်းများ၊ DJ တီးခတ်မှုများဖြင့် ကပြဖျော်ဖြေလျက်ရှိပြီး စတုဒိသာကျွေးမွေးမှုများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် လိုအပ်သည်များ စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမဥ္ဇူ