သတင်းများ

သထုံမြို့၌ နှစ်သစ်ကူးအကြို ရိုးရာသင်္ကြန်ထမင်းစတုဒီသာ စုပေါင်းကျွေးမွေးလှူဒါန်း
Apr 11,2023
မွန်ပြည်နယ်၊ သထုံမြို့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အနီးရှိ ဘုရားလမ်းမပေါ်၌ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးအကြိုအဖြစ် ရိုးရာသင်္ကြန်ထမင်း စတုဒီသာကို စုပေါင်းကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေ
Apr 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံပြောင်းစိုက် တောက်သူများထံမှ သိရသည်။
ကြံခင်းမြို့တွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်
Apr 11,2023
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ကြံခင်းမြို့နယ် ပိုးစုကြီးအုပ်စု ထိန်ပင်မြောင်အောက်စုတွင် မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို ဧရာသီရိခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
မျက်စိဝေဒနာရှင် (၁၂၅၄) ဦးအားသီတဂူ စက္ခုဒါနဆေးရုံတော်ကြီးတွင် အခမဲ့ခွဲစိတ်စမ်း သပ်ကုသပေနိုင်ခဲ့
Apr 11,2023
နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် သီတဂူစက္ခုဒါနဆေးရုံ တော်ကြီး(ရန်ကုန်)၌ ဧပြီ (၅) ရက်မှ(၁၀)ရက်နေ့အထိအခမဲ့စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာမျက်စိဝေဒနာရှင်(၁၂၅၄)ဦး အားဆေးရုံတော်ကြီးတွင် အခမဲ့ခွဲစိတ်၊ စမ်းသပ်ကုသပေနိုင်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့ နှင့်နန်းယွန်းမြို့နယ်များမှ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ နာဂရိုးရာ စာပေနှင့်ယဉ် ကျေးမှုကော်မတီနှင့် တွေ့ဆုံပွဲအခမ်းအနားနှင့် ခန္တီးမြို့၊ ဒေသဖွံ့ဖြ
Apr 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဦးစီးအဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါလျက်  ဧပြီလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုံဟီးမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဒုံဟီးမြို့နှင့်နန်းယွန်းမြို့ နယ်ဒေသအဆင့် ဌာနဆိုင် ရာများ၊ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ရေရရှိရေးအတွက် လုပ်ငန်းများဆက်လက်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Apr 11,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရေရရှိရေးအတွက် မြေအောက်ရေတူးဖော်ရေးအဖွဲ့များမှ ရေတူးဖော်ရရှိနေမှု၊ ကန်တော်ကြီးသို့ ရေဖြည့်တင်းနေမှု၊ ရေစုကန်များတည်ဆောက်နေမှုနှင့် ရေဆက်လက်တူးဖော်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
တွံတေးမြို့နယ်၌ ရှေးဦးပြုစုခြင်းအကျိုးကျေးဇူးအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ပြုလုပ်
Apr 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းကျင်းပသည့် ရှေးဦးပြုစုခြင်း အကျိုးကျေးဇူးအကြောင်းသိကောင်းစရာ Talk Show ကို လုထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် မီးခိုးမြူငွေ့လျော့ပါးစေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့လျော့ပါးစေရေး၊ တောင်ယာမီးရှို့မှုမရှိစေရေး အသိပညာပေးဟောပြောပွဲနှင့် ဒေသန္တရအမိန့်ထုတ်ပြန်ထားမှုများအား အသိပေးချပြရှင်းလင်းခြင်းကို ယမန်နေ့ကပါဟုတ်အုပ်စု၊ ပါဟုတ်ကျေးရွာ၌ ကျင်းပခဲ့သည်။