ကျိုင်းတောင်းမြို့၌ သင်္ကြန်ကာလရုံးပိတ်ရက်များတွင် နမ့်ဆောင်ဂဲအပန်းဖြေနေရာ၌ စည်ကား

ကျိုင်းတောင်း ဧပြီ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ နွေရာသီရောက်ရှိလာ၍ အပူဒဏ်ကိုကာကွယ်ခြင်း သင်္ကြန်ကာလဖြစ်သည့်အလျောက် နမ့်ဆောင်ဂဲ နွေရာသီ အပန်းဖြေနေရာတွင် ဒေသခံပြည်သူများက အေးချမ်းစွာ အပန်းဖြေအနားယူလျက်ရှိကြောင်းသိရသည်။

ကျိုင်းတောင်းမြို့ရှိ နမ့်ဆောင်ဂဲနွေရာသီအပန်းဖြေနေရာ၌ သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ဒေသခံပြည်သူများအပြင် ရပ်ဝေးခရီးသွား ပြည်သူများကလည်း လာရောက်၍ အပန်း ဖြေလေ့ရှိပြီး အေးချမ်းစွာအနားယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေရာသီအပန်းဖြေနေရာ၌ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံပြည်သူများက ရေပေါ်ဆိုင်များဖွင့်လှစ်၍ စားသောက်ဖွယ်ရာများကို ရောင်းချလျက်ရှိပြီး ဒေသခံပြည်သူများနှင့် ရပ်ဝေးခရီးသွား ပြည်သူများကလည်း ဝယ်ယူအားပေးလျက်ရှိကြောင်းသိရသည်။

သီဟ(ပြန်/ဆက်)