မအီ ဧပြီ ၁၃
နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အထိမ်းအမှတ် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို မြို့မဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီ မအီမြို့ပေါ်လူငယ်များ၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ယနေ့ညနေပိုင်းက အ.ထ.က(မအီ) အားကစားကွင်း မြို့မဗဟိုမဏ္ဍပ်ရှေ့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နံ့သာသွေးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များနှင့် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲ စတင်ဆင်းသက်လာခြင်းများနှင့်စပ်လျဉ်း၍ မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး နံ့သာသွေးပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါနံ့သာသွေးပြိုင်ပွဲကို မအီမြို့ပေါ်ရပ်ကွက်များမှ အမျိုးသမီးကြီး/ငယ်များပါဝင်သည့် ပြိုင်ပွဲဝင်အသင်း(၈)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ ရမှတ်များကို ၎င်းးတို၏ ရုပ်ရည်သန့်ပြန့်မှု၊ ဝတ်စားဆင်ယင်မှု၊ သပ်ရပ်မှု၊ စည်းစနစ်ကျမှု၊ လျင်မြန်မှုနှင့် နံ့သာရည်၏ အရည်အသွေးအပေါ်မူတည်၍ အမှတ်ပေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ပထမဆုကျပ်(၁)သိန်း၊ ဒုတိယုကျပ်ငါးသောင်းနှင့် တတိယဆုကျပ်သုံးသောင်းတို့ကို သတ်မှတ်ပေးထားပြီး အဆိုပါဆုများကို သင်္က်ြန်အကြိုနေ့တွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး နံ့သာသွေးပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဖော်ပြပါနံ့သာသွေးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)