ပန်းတောင်းမြို့နယ်၌ ကွန်ပျူတာ/အင်္ဂလိပ်စကားပြော/စာရင်းကိုင်နှင့် ဈေးကွက်စီးပွားရေးဆိုင်ရာဘာသာရပ်သင်တန်းဖွင့်လှစ်ရန် အစည်းအဝေး ပြုလုပ်

ပန်းတောင်း ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကွန်ပျူတာ/အင်္ဂလိပ်စကားပြော/စာရင်းကိုင်နှင့် ဈေးကွက်စီးပွားရေးဆိုင်ရာဘာသာရပ်သင်တန်းဖွင့်လှစ်ရန်အတွက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့မစာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့အစည်းအဝေးပြုလုပ်ရာတွင် မြို့မစာကြည့်တိုက်ကော်မတီနှင့် W.COM Co,Ltd(Mobile Educational Unit)တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ လူငယ်များဖွံဖြိုးတိုးတက်ရန်ရည်ရွယ်ကာ ပန်းတောင်းမြို့မစာကြည်တိုက်တွင် ကွန်ပျူတာစာစီစာရိုက်၊ ရုံးစာ၊ ဖိတ်စာ၊ ကြော်ငြာ၊ ယပ်တောင်နှင့်လိုဂိုအမှတ်တံဆိပ်များ၊ အင်္ဂလိပ်စကားပြော၊ နေ့စဉ်သုံးစကားများအား အင်္ဂလိပ်ဘာသာဖြင့်  ပြောတတ်သည်အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဧပြီလ ၂၀ ရက်နေ့မှစတင်၍ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ(၂)လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)