မိုင်းရယ် ဧပြီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း လက်တွေ့ပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မာလာက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်တင်ထွေးရီက ဆပ်ပြာဆီလက်တွေပြုလုပ်ခြင်း အတတ်ပညာကို တတ်မြောက်ထားခြင်းဖြင့် အိမ်ထောင်ရှင်အမျိုးသမီးများနှင့် မိသားစုများအတွက် အသုံးဝင်ပုံနှင့် တစ်နိုင်တစ်ပိုင် အပိုဝင်ငွေရှာနိုင်မည့်နည်းလမ်းတစ်ခုဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသူအမျိုးသမီးရေးရာအဖွဲ့ဝင်များက ဆပ်ပြာဆီပြုလုပ်နည်း ပါဝင်ပစ္စည်းများကို အဆင့်တစ်ခုချင်းစီအလိုက် လက်တွေ့ပြုလုပ်ခဲ့ကြပြီးရရှိလာသည့် ဆပ်ပြာဆီများကို တက်ရောက်လာကြသူများအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်(ပြန်/ဆက်)