မြောင်းမြမြို့နယ်တွင် နွေစပါးစံပြကွက်ရိတ်သိမ်းပွဲ၊ သစ်စိမ်း‌မြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စု‌ပေါင်းကြဲပက်ခြင်းတို့ ဆောင်ရွက်

မြောင်းမြ    ဧပြီ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မဒေါ့ပင်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ၂၀၂၃ ခုနှစ်‌ နွေစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲ၊ သစ်စိမ်း‌မြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ခြင်းနှင့် စု‌ပေါင်းကြဲပက်ခြင်းတို့ကို ယမန်နေ့နံနက် ၉:၀၀  နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌နော်မိုင်လှကြည်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

နွေစပါးစံပြကွက်စံကွက်ရိတ်သိမ်းခြင်းကို ကွင်းအမှတ်(၂၁၉)တောင်သူဦးထွန်းနိုင်ဝင်း၏ လယ်မြေတွင်ပြုလုပ်ပြီး GW -11 နွေစပါးစံပြကွက်(၅)ဧက စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်   (၁၇၃)တင်း ထွက်ရှိကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းပြီးနောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ကို တောင်သူများထံပေးအပ်ပါသည်။ ထို့နောက် တောင်သူဦးထွန်းနိုင်ဝင်း၏ လယ်ဧက(၂၀)တွင် ပိုက်ဆံလျှော် စုပေါင်းကြဲပက်ခြင်းနှင့် ထုံးပက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မဒေါ့ပင်ကျေးရွာ ၂၀၂၃ ခု နှစ် နွေစပါးဧက ၁၀၀ စံပြကွက်တွင် တောင်သူ ဦးထွန်းနိုင်ဝင်းက  ၂၅.၈၁ ဧက၊ ဦးစိန်ခင်က ၂၂.၈၉ ဧက၊ ဦးသက်နိုင်ဦးက ၇. ၆ ဧက ၊ ဦးထိန်လင်းက ၃၀.၂ ဧက၊ ဦးသိန်းအောင်က .၈၃ ဧက၊ ဦးမြသောင်းက ၅.၄၆ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)