လပွတ္တာခရိုင်တွင် စီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ

လပွတ္တာ ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း အောင်မြင်စွာကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လပွတ္တာခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က လပွတ္တာခရိုင်ရဲ့ စီးပွားရေး(GDP)အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် ၂၀၂၁ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိမှာ ၀.၂ ရာခိုင်နှုန်းလျော့ကျခဲ့ရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခန့်မှန်းခြေစာရင်းများအရ ၂.၅ ရာခိုင်နှုန်းတိုးတက်လာတာတွေ့ရမှာဖြစ်ပါတယ်။ ထို့အတူဘဲ လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP)မှာ ၂၀၂၁ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၁၆၆၄၆၀၀ကျပ်နဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ခန့်မှန်းခြေစာရင်းမှာ ၁၇၉၂၁၄၉ ကျပ်အသီးသီးရရှိခဲ့ပါတယ်။ လက်ရှိအစိုးရတာဝန်ယူခဲ့တဲ့ကာလတွေမှာ စီးပွားရေးတိုးတက်လာတာ တွေ့ရပေမဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ၉၇.၆ ရာခိုင်နှုန်းဘဲဖော်ဆောင်နိုင်ခဲ့ပြီး မိမိတို့မျှော်မှန်းထားတဲ့ရလဒ်ကို ရောက်ရှိခဲ့ခြင်း မရှိတာတွေ့ရမှာဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်  လပွတ္တာခရိုင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်များကို ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးဥက္ကဋ္ဌမှ လပွတ္တာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ နှင့်မော်လမြိုင်ကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့အားလည်းကောင်း၊ ခရိုင်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးအတွင်းရေးမှူးမှ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးအားလည်းကောင်း၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး အတွင်းရေးမှူးမှ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးအားလည်းကောင်း လုပ်ငန်းတာဝန်များပေးအပ်ခဲ့ပြီး စီမံကိန်းတာဝန်ပေးအပ်ပွဲကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

လပွတ္တာ(ပြန်/ဆက်)